Saturday, March 17, 2012

“အိမ်ကြက်ချင်းသာ ခွပ်တတ်သည့် မြန်မာတိုက်ကြက်များရဲ့ ခန္တီတရား”

ရေပိုင်နက်အမှု ရှုံးနိမ့်မှု တရားမျှတဟု မြန်မာအစိုးရကြေညာ။ 


  
DVB
စိန့်မာတင်ကျွန်းလို့ ခေါ်တဲ့ စစ်သူကြီး မဟာဗန္ဓုလ အောင်လံစိုက်ထူခဲ့ရာ ရှင်မဖြူကျွန်း ဘင်္ဂလားပိုင် ဖြစ်သွား . .


ယနေ့ သတင်းစာပါ နယ်စပ် အငြင်းပွားမှု ရှင်းတမ်း

ယနေ့ သတင်းစာပါ နယ်စပ် အငြင်းပွားမှု ရှင်းတမ်း

မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပင်လယ် ရေပိုင်နက် နယ်နိမိတ် အငြင်းပွားမှုကို ပင်လယ်ပြင် ဥပဒေဆိုင်ရာ နိုင်ငံတကာခုံရုံး (ITLOS)က တရားမျှတစွာ ဆောင်ရွက်ခဲ့တဲ့ အတွက် ငြိမ်းချမ်းစွာ ဖြေရှင်းပြီး ဖြစ်ကြောင်း မြန်မာအစိုးရက နိုင်ငံပိုင် သတင်းစာကနေ ကြေညာလိုက်ပါတယ်။

ခုံရုံးက သတ်မှတ်ပေးလိုက်တဲ့ နယ်နိမိတ် သတ်မှတ်ချက်တွေအရ မြန်မာ အစိုးရနဲ့ နိုင်ငံတကာ ရေနံကုမ္ပဏီတွေ ပူးပေါင်း လုပ်ကိုင်နေတဲ့ ကမ်းလွန် လုပ်ကွက်တွေကိုလည်း ထိခိုက်မှု မရှိတဲ့အတွက် လုပ်ငန်းတွေကို အရှိန်အဟုန် မပျက် ဆက်လက် လုပ်ကိုင်သွားမယ့် အကြောင်းလည်း သတင်းကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့ အခြေစိုက် ပင်လယ်ပြင် ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံး (ITLOS)ဟာ ဘင်္ဂလားဒေ့ရှ် အစိုးရက တောင်းဆိုတဲ့ နယ်နိမိတ်နဲ့ မြန်မာ အစိုးရက တောင်းဆိုတဲ့ နယ်နိမိတ် အကြား ၂၁၅ ဒီဂရီ ကနေ နယ်နိမိတ် အသစ် အဖြစ် မတ်လ ၁၄ ရက်နေ့မှာ အပြီးသတ် စီရင်ချက် ချမှတ် ပိုင်းခြား သတ်မှတ် ပေးခဲ့တာ ဖြစ်ပါတယ်။

တရားရုံး ဆုံးဖြတ်ချက်အရ ဘင်္ဂလားဒေ့ရှ်ဘက်က တောင်းဆိုထားတဲ့အတိုင်း ရေမိုင် ၂၀၀ အထိ ပိုင်ဆိုင်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီ ရေပိုင်နက်ပြဿနာ အမှုရင်ဆိုင်ဖို့ မြန်မာအစိုးရက ရှေ့နေချုပ် ဒေါက်တာထွန်းရှင်နဲ့ နိုင်ငံခြားရေးဌာနက ဒု-ညွှန်ချုပ် ဒေါ်လှမျိုးနွယ်တို့ကို စေလွှတ်ခဲ့ပြီး နှစ်နိုင်ငံစလုံးက နိုင်ငံတကာရှေ့နေတွေနဲ့ တိုင်းတာရေး ပညာရှင်တွေ ငှားရမ်း ဆောင်ရွက်ခဲ့တာပါ။

နှစ်နိုင်ငံ ရေပိုင်နက် အငြင်းပွားမှုဟာ၂၀၀၈ ခုနှစ်က မြန်မာနိုင်ငံမှာ သဘာဝ ဓာတ်ငွေ့ရှာဖွေခွင့် ရရှိထားတဲ့ ဒေဝူးကုမ္ပဏီက ရခိုင်ကမ်းလွန်ပင်လယ်ပြင်မှာ ရေနံရှာဖွေရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်ရာက စတင်ခဲ့တာပါ။

ရေနံရှာသ င်္ဘောတွေနဲ့ အတူ မြန်မာရေတပ် သင်္ဘောတချို့ အငြင်းပွားဖွယ် ရေပိုင်နက်အတွင်း ဝင်ရောက်လာခဲ့တဲ့အတွက်လည်း ဘင်္ဂလားဒေ့ရှ် အစိုးရက မြန်မာသံအမတ်ကို ဆင့်ခေါ် ကန့်ကွက်မှုတွေလည်း ပြုလုပ်ခဲ့ဖူးပါတယ်။

ဘင်္ဂလားဒေ့ ရှ် အစိုးရကတော့ နိုင်ငံတကာ တရားရုံး ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အောင်မြင်မှုတရပ်အဖြစ် နိုင်ငံပိုင် မီဒီယာတွေမှာ ဖော်ပြပါတယ်။ မြန်မာအစိုးရကတော့ တရားမျှတစွာ ဆုံးဖြတ်ခဲ့မှုအတွက် အစိုးရနဲ့ပြည်သူတွေက လေးစားချီးကျုး ဂုဏ်ပြုလျက်ရှိကြပြီး စီရင်ချက်ရလဒ်ကို ကျေနပ်လက်ခံတယ်လို့ ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ အချပ်ပိုထုတ်ပြီး အကျယ်တဝင့် ဖော်ပြထားပါတယ်။

No comments:

Post a Comment