Thursday, March 15, 2012

မြန်မာ-ဘင်္ဂလားဒေ့ရှ် ပင်လယ်ပြင် အငြင်းပွားမှုကို ကုလသမဂ္ဂ တရားရုံးက ဆုံးဖြတ်ချက်ချ

ဘာလင်၊ မတ် - ၁၅
ကုလသမဂ္ဂ တရားရုံးက မြန်မာ နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှစ် နိုင်ငံကြားတွင် ပင်လယ်ပြင်နယ် နမိတ် အသစ်တစ်ရပ်ချမှတ်လိုက် ပြီးနှစ်နိုင်ငံကြား မကြာခဏပြဿ နာဖြစ်ရသည့် အရင်းအမြစ်ကြွယ် ၀သော ပင်လယ်ပြင် အငြင်းပွားမှုကို ဆုံးဖြတ်ချက်ချမှတ်လိုက်သည်။
ဂျာမနီနိုင်ငံ မြောက်ပိုင်း ဟမ်းဘတ်မြို့၌ ပင်လယ်ပြင်ဥပ ဒေဆိုင်ရာ နိုင်ငံတကာ တရားရုံး တွင်တရားသူကြီး ပရိုဆေးလူးဝစ် ဂျီးဆပ်က ချမှတ်ပေးလိုက်သော နှစ်နာရီကြာ ဆုံးဖြတ်ချက်မှာ နှစ် နိုင်ငံက အပြိုင်တင်ပြသည့်အမှု များအပေါ် ကြားချညှိနှိုင်းဆုံး ဖြတ်မှုဟု ကျယ်ကျယ်ပြန့်ပြန့် ရှု မြင်ကြသည်။
နှစ်နိုင်ငံစလုံးက ၎င်းင်းတို့၏ သက်ဆိုင်ရာ ပင်လယ်ပြင်နယ်နမိတ်များကိုဆက်လက် ထိန်းသိမ်း နိုင်သည်ဟု တရားသူကြီးကဆုံး ဖြတ်ပြီး နယ်နမိတ်တိုင်းတာရေး မြန်မာနိုင်ငံ၏ နည်းလမ်းကို မျက်နှာသာပေးသော်လည်း ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ပင်လယ်ဧရိယာပိုမို ပေးအပ်ခဲ့သည်။
တရားရုံးဆုံးဖြတ်ချက်၏ အချို့အစိတ်အပိုင်းများကို ကွဲလွဲ သောသဘောထားများ ပြော ကြားကြသော်လည်း ကမ္ဘာတစ် ၀န်းမှ တရားသူကြီး ၂၃ ဦးစလုံးက ဆုံးဖြတ်ချက်ကို တညီတညွတ် တည်းချမှတ်ခဲ့သည်ဟု အေအက်ဖ် ပီသတင်းက ဆိုသည်။
“နှစ်ဖက်စလုံးက နိုင်တာတချို့၊ ရှုံးတာတချို့ရှိပါတယ်"ဟု ခုံ ရုံးအဖွဲ့တွင် ပါဝင်သော ဂျာမန် တရားသူကြီးရူဒီဂါဂူဖရန်က ပြော ကြောင်း ဂျာမန်သတင်းအေဂျင်စီ DPA ကဖော်ပြသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ၀န်ကြီး ဒီပူမိုနီက နိုင်ငံတကာ တရားရုံးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဘင်္ဂလားပင်လယ်အော်ရှိ သီးသန့် စီးပွားရေးဇုန်မိုင် ၂၀၀ တောင်းဆို မှုကို အပြည့်အ၀ အသိအမှတ်ပြုခဲ့သည်ဟု ပြောကြောင်းအေပီ သတင်းက ဖော်ပြသည်။
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံကြား ရေပိုင်နက်ပြဿနာ မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ ပြီဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် အငြင်း ပွားနယ်မြေများတွင် မြန်မာနိုင်ငံ ကဓာတ်ငွေ့ရှာဖွေနေသည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စွပ်စွဲချက်များကြောင့် နှစ်နိုင်ငံကြားစစ်ရေး ပဋိပက္ခဖြစ်လုနီးပါး ဖြစ်ခဲ့သည်။ သို့သော်နောက်ပိုင်းတွင် သံတမန် ရေးနည်းလမ်းဖြင့် ဖြေရှင်းခဲ့၍ တင်းမာမှုများ လျော့ပါးခဲ့သည်။
နိုင်ငံတကာ တရားရုံး၏ ဆုံး ဖြတ်ချက်ကို အယူခံဝင်ခွင့်မရှိ ကြောင်း သိရသည်။
—Ref: AFP/ AP

No comments:

Post a Comment