Thursday, February 2, 2012

ဆရာတော် နှစ်ပါးရဲ့ မြတ်စွာဘုရားရဲ့ ဓမ္မတွေကို ဘယ်လို မြင်သလဲဆိုတာကို နှိုင်းယှဉ်၍ကြည့်ခြင်း


 
သာသနာမှာ အလိမ်အညာ မရှိစေရ။ အပိုင်း(၄) နိဂုံးပိုင်း ။


"အရှင်မဟာကဿပ ထုံးကို အစဉ်သာ သုံးဖို့လို “
                      မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်ပြီးနောက် ပဌမသဂါင်္ယနာတင်ကာ သာသနာတော်ကြီးကို စတင်ဦးဆောင်ထိန်းသိမ်းခဲ့သော ရှင်မဟာကဿပမထေရ်ကြီး ရည်ရွယ်ချက်မှာ လွန်စွာရှင်းလင်း လှပေသည်။ ပုရေ အဒမ္မာ ဒိပ္ပတိ၊ အဓမ္မ၀ါဒ မထွန်းကားစေရန်-  ဓမ္မောပဋိဗာဟိယျတိ  ဓမ္မ၀ါဒ မပပျောက်စေရန်  ပုရေအဓမ္မ၀ါဒိနော ဗလ၀န္တော ဟောန္တိ-အဓမ္မ၀ါဒီ များ အားမကောင်းစေရန်  ဓမ္မ၀ါဒီနောဒုဗ္ဗလာ ဟောန္တိ - ဓမ္မ၀ါဒီများ အားမနည်းစေရန် ဟူ၍ ဖြစ်ပေသည်။
ဆိုလိုသည်မှာ အဓမ္မ၀ါဒီများ အားကောင်းလာလျှင် ဓမ္မ၀ါဒီများ လမ်းဘေးရောက်သွားလိမ့်မည်။ အဓမ္မ၀ါဒီများ အားနည်းအောင်လုပ်ရမည်။အဓမ္မ၀ါဒီထွန်းကားလာလျှင် ဓမ္မ၀ါဒီပျောက်ကွယ်သွားလိမ့်မည်။ ထို့ကြောင့် အဓမ္မ၀ါဒီ မထွန်းကားအောင် လုပ်ရမည် ဖြစ်ပေသည်။
                                          "  လုပ်လက်စ ခဏရပ်ထားပါ "
အဓမ္မ၀ါဒီမထွန်းကားစေလိုလျှင် ရဟန်းသံဃာများသည် အမြဲတမ်း မျက်စိဖွင့် နားဖွင့်ထားရမည်။ အဓမ္မ၀ါဒီပုဂ္ဂိုလ်ပေါ်ပေါက်သံကြားသည်နှင့် တပြိုင်နက် စာချနေစဉ်ကြားလျှင် စာချရပ်ကာ တရားထိုင်နေစဉ် ကြားလျှင် တရားထိုင်ရပ်ကာ ကြားလေရာ အရပ်မှ ချက်ချင်းဝိုင်းဝန်း နှိမ်နှင်းရမည်ဟု ကျမ်းဂန်များ၌ လမ်းညွှန်ပေးထားပါသည်။
                                                သုတသုတဌာန   တောယေ၀ အဌတွာ အနိသီဒိတွာ                                     
                            ဥပသင်္ကပိသု။ ( မူလပဏ်။ ဌ ။ ၂ ။  ၂၀၆ ။)

ထို့ကြောင့် ရဟန်းတော်များသည် ကျောင်းမှာထိုင်နေရုံဖြင့် ပြီးပြည့်စုံပြီစု ထင်မှတ်မနေဘဲ  အဓမ္မ၀ါဒီသမားများကို အစဉ်အမြဲ သတိထား စောင့်ကြည့်သွားဖို့ လိုအေဓမ္မ၀ါဒီများ မျိုးစေ့မျှမချနိုင်အောင်၊ အညွှန့်အညှောက်မျှ မထွက်နိုင်အောင် အမြဲတမ်း သုတ်သင်ရှင်းလင်းနေဖို့ လိုသလို အဓမ္မ၀ါဒီအဟောင်းများ ခေါင်းပြန်မထောင်နိုင်အောင်လည်း ဂရုစိုက်နှိမ်နှင်းဖို့ လိုပါသည်။ အချို့ အဓမ္မ၀ါဒီများသည် စွန့်လွတ်ကြောင်းလက်မှတ်ထိုးခဲ့ရခြင်းအတွက် အာဏာနှင့် အတင်းအကြပ်ထိုးခိုင်း၌  မလွန်ဆန်နိုင်ခြင်းကြောင့် ထိုးခဲ့ရသည်။ သူတို့ဝါဒမှန်သည်ဟု ဆိုကာ အရှက်ပြေဆင်ခြေပေးနေသူများ ရှိသလို  အယူကို မစွန့်လွတ်သည့်အပြင် တိုးတိုးတိတ်တိတ်ကော ပြောင်ကျကျပါ ဟောပြောပို့ချနေပေသည်။ ထိုသိုသော ဂိုဏ်းဂဏ ပုဂ္ဂိုလ်များကို အထောက်အထား ခိုင်မာပါက ထောင်ချအရေးယူခြင်း ကျောင်းတိုက်ကို ချိတ်ပိတ်ခြင်းများ ပြုလုပ်သင့်ပေသည်။          သက်ဆိုင်ရာက ထိုသို့အရေးယူနိုင်အောင် ရပ်ကွက၊်ကျေးရွာ၊ မြို့နယ်၊ခရိုင်၊ တိုင်း၊ ပြည်နယ်  အဆင့်ဆင့် မှ ရဟန်းတော်များက သတိတရားလက်ကိုင်ထား၍ အမြဲတမ်းစောင့်ကြည့်ဖို့လိုပေသည်။ ပေါ်ပေါက်သံကြားသည် နှင့် ပြင်းထန်စွာ အရေးယူနိုင်ရန် သက်ဆိုင်ရာသို့ ချက်ချင်းသတင်းပို့ တိုင်ကြားရပေမည်။
                                                   " အပ်အရာ ပုဆိန်ပါရပြီ "


မြစ်ကြီးနားအရှင်ဝိစိတ္တသာရနှင့် မိုးပြာအရှင်ဥာဏတို့ ဟောပြောပို့ချချက်များနှင့် ပက်သက်၍ မိုးညင်းမြို့မှ ဆရာတော်တစ်ပါး က ကျွန်ုပ်အားစာအုပ်ရေး၍ နှိမ်နှင်းဖို့ တိုက်တွန်းခဲ့ဖူးပေသည်။ ကျွန်ုပ်က မဟာနာယကထံစာတင်ဖို့နှင့် စာသင်ပါက အချက်အလက် ရှာဖွေပေးမည်၊၊ အစစရာရာ ကူညီမည် ဟုပြန်ပြောခဲ့ပေသည်။ ထိုအခါ ထိုဆရာတော်က သူငယ်ချင်းဖြစ်နေ၍ မျက်နှာပူ၍ သူမလုပ်နိုင်ကြောင်းပြန်ပြောလေသည်။ ရဟန်းအချို့သည် ကျောင်းကန်ဒါယကာ/ ဒါယိကာမများနှင့် ပတ်သက်၍ အမှုအခင်းများ၌ကား ရှက်ရ ကောင်းမှန်း၊ မျက်နှာပူရကောင်းမှန်း မသိပါဘဲလျက် သာသနာ၌ အင်မတန်အရေးကြီးသည့် အလုပ်ကိုလုပ်ရမှာကား မျက်နှာပူကြ၊ ရှက်နေကြသည် ကိုတွေ့ရပေသည်။ ပုဂ္ဂိုလ်ရေးကို ဘေးချိပ်၍ ဘုရားမျက်နှာ၊ သာသနာမျက်နှာကိုသာ ကြည့်သင့်ပေသည်။ ကျွန်ုပ်အကြံပြုစဉ်ကသာ စောဒနာလွှာတင်၍ ၀ိုင်းဝန်းနိမ်နှင်းမည်ဆိုလျှင် ယခုကဲ့သို့ အကျယ်အကျယ်လည်း ဖြစ်ဖွယ် မရှိပေ။ ယခုကဲ့သို့လည်း နှိမ်နှင်းရခက်လောက်အောင် ပရိတ်သတ်အင်အား ကောင်းခဲ့မည်မဟုတ်ပေ။ ယခုမှု အပ်နှင့်ထွင်းရ မည့်အရေးကို ပုဆိန်ဖြင့် ပေါက်နေရပေပြီတည်း။ ထို့ကြောင့် ပုဂ္ဂိုလ်ဓိဌာန်နှင့် ဓမ္မဓိဌာန်ကို ခွဲခြားတတ်ဖို့လိုပေသည်။ ဓမ္မအရေးနှင့် ပက်သက်လာလျှင် ပုဂ္ဂလာအရေးကို ငဲ့ကွက်ထည့်တွက်နေဖို့ မလိုပေ။


                                           " ညောင်ပင်စောင့်နဂါးနှင့် သာသနာစောင့်ဓါး"


 ဤ ဇာတ်တော်လာ ညောင်ပင်ကြီးသည် ခရီးသွားတို့အား ကျေးဇူးများသကဲ့သို့ သာသနာတော်ကြီးသည်လည်း ကျွန်ပ်တို့ရဟန်းတော်များအား များစွာ  ကျေးဇူးကြီးလှ  ပေသည်။   ညောင်ပင်ကြီးကို နဂါးစောင့်ရှောက်သကဲသို့ သာသနာတော်ကြီးကိုလည်း  ကျွန်ုပ်တို့ ရဟန်းတော်များက စောင့်ရှောက်သင့်ပေသည်။ ကျေး ဇူးကြီးမားသည့်လိုတရ က္ကှူစ္ဆာသယညောင်ပင်ကြီး၏ ညောက်ရိပ်ခို၍ ညောင်ခက်ချိုးရုံဖြင့် အားမရသေးဘဲ ညောင်မြစ်ကိုပါ တူးဖြိုဖို့ လုပ်လာသော ကုန်သည်များကို  ညောင်စောင့်နဂါးက ချေမှုန်းပစ်သလို သာသနာအရိပ်ကို ခို၍ သာသနာ့ရေသောက်မြစ်ကို တူးဖြိုဖို့ ကြံစည်အားထုတ်လာသော အဓမ္မ၀ါဒီ ရဟန်းယုတ်များကို သာသနာစောင့်ဓါးဖြင့် သုတ်သင်ရှင်းလင်းဖို့ လိုပေသည်။ ထိုသာသနာစောင့်ဓါးကား အခြားမဟုတ် ဓမ္မသာ ဖြစ်သတည်း။

             “ လောဘသားကောင် စောရများမြောင် မဖြစ်စေသင့် “
            တသ္မာ ဟိ ပဏ္ဍိတော ပေါသော၊  
သမ္ပဿံ အတ္ထမတ္ထနော။
             လောဘဿ န၀သံ ဂေစ္ဆေ၊ 
ဟနေယျာရိသကံ  မနံ။
ရဟန်းတို့ ပညာရှိသော ပုဂ္ဂိုလ်သည်
အကြင်ကြောင့် မိမိ၏ အကျိုးစီးပွားကို
ကောင်းစွာမြင်၏။ ထိုကြောင့် လောဘ၏ အလိုနိုင်ငံသို့ မလိုက်ရာ။ လောဘရန်သူ၏ ဥစ္စာဖြစ်သော စိတ်ကို သတ်ရာ၏။
            (ပကိဏ္ဏကနိပါတ်။မဟာဝါဏိဇဇာတ်။)
        ဗုဒ္ဓရှင်တော်မြတ်မှ ဆုံးမတော်မူသည်နှင့်အညီ ရဟန်းတော်များသည် လာဘ်ကိုလိုလား၍ဖြစ်စေ၊ အပူဇော်ခံပုဂ္ဂိုလ်တစ်ဆူ ဖြစ်လို၍ ဖြစ်စေ၊ ထင်ပေါ်ကျော်ကြားလူသိများလို၍ ဖြစ်စေ လောဘ၏ အလိုသို့ လိုက်၍ သာသနာကို စော်ကားမော်ကား ပြုလိုစိတ်များကို မမွေးမြူမိဖို့ လိုပေသည်။ အကယ်၍ လောဘအလိုလိုက်၍ သာသနာကို စော်ကားတိုက်ခိုက်လာပါက ညောင်ပင်စောင့် နဂါးထက် ထက်သော သာသနာစောင့် ဓါးတစ်လက်အောက်မှာ ခံသွားရမည်ဆိုသည်ကို ကား မမေ့အပ်သင့်ပေ။
                                                                                                      ၁၁-၃- ၂၀၁၀.


"အရှင်မဟာကဿပ ထုံးကို အစဉ်သာ သုံးဖို့လို “


                      မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်ပြီးနောက် ပဌမသဂါင်္ယနာတင်ကာ သာသနာတော်ကြီးကို စတင်ဦးဆောင်ထိန်းသိမ်းခဲ့သော ရှင်မဟာကဿပမထေရ်ကြီး ရည်ရွယ်ချက်မှာ လွန်စွာရှင်းလင်းလှပေသည်။

                       ပုရေ အဒမ္မာ ဒိပ္ပတိ၊ အဓမ္မ၀ါဒ မထွန်းကားစေရန်
                       ဓမ္မောပဋိဗာဟိယျတိ  ဓမ္မ၀ါဒ မပပျောက်စေရန်
                             ပုရေအဓမ္မ၀ါဒိနော ဗလ၀န္တော ဟောန္တိ -အဓမ္မ၀ါဒီ များ အားမကောင်းစေရန်။
                             ဓမ္မ၀ါဒီနောဒုဗ္ဗလာ ဟောန္တိ - ဓမ္မ၀ါဒီများ အားမနည်းစေရန် ဟူ၍ ဖြစ်ပေသည်။

ဆိုလိုသည်မှာ အဓမ္မ၀ါဒီများ အားကောင်းလာလျှင် ဓမ္မ၀ါဒီများ လမ်းဘေးရောက်သွားလိမ့်မည်။ အဓမ္မ၀ါဒီများ အားနည်းအောင်လုပ်ရမည်။အဓမ္မ၀ါဒီထွန်းကားလာလျှင် ဓမ္မ၀ါဒီပျောက်ကွယ်သွားလိမ့်မည်။ ထို့ကြောင့် အဓမ္မ၀ါဒီ မထွန်းကားအောင် လုပ်ရမည် ဖြစ်ပေသည်။
                                          "  လုပ်လက်စ ခဏရပ်ထားပါ "


အဓမ္မ၀ါဒီမထွန်းကားစေလိုလျှင် ရဟန်းသံဃာများသည် အမြဲတမ်း မျက်စိဖွင့် နားဖွင့်ထားရမည်။ အဓမ္မ၀ါဒီပုဂ္ဂိုလ်ပေါ်ပေါက်သံကြားသည်နှင့် တပြိုင်နက် စာချနေစဉ်ကြားလျှင် စာချရပ်ကာ တရားထိုင်နေစဉ် ကြားလျှင် တရားထိုင်ရပ်ကာ ကြားလေရာ အရပ်မှ ချက်ချင်းဝိုင်းဝန်း နှိမ်နှင်းရမည်ဟု ကျမ်းဂန်များ၌ လမ်းညွှန်ပေးထားပါသည်။
                            သုတသုတဌာန   တောယေ၀ အဌတွာ အနိသီဒိတွာ                                   
ဥပသင်္ကပိသု။ ( မူလပဏ်။ ဌ ။ ၂ ။  ၂၀၆ ။)
 
ထို့ကြောင့် ရဟန်းတော်များသည် ကျောင်းမှာထိုင်နေရုံဖြင့် ပြီးပြည့်စုံပြီစု ထင်မှတ်မနေဘဲ  အဓမ္မ၀ါဒီသမားများကို အစဉ်အမြဲ သတိထား စောင့်ကြည့်သွားဖို့ လိုပေသည်။ အဓမ္မ၀ါဒီများ မျိုးစေ့မျှမချနိုင်အောင်၊ အညွှန့်အညှောက်မျှ မထွက်နိုင်အောင် အမြဲတမ်း သုတ်သင်ရှင်းလင်းနေဖို့ လိုသလို အဓမ္မ၀ါဒီအဟောင်းများ ခေါင်းပြန်မထောင်နိုင်အောင်လည်း ဂရုစိုက်နှိမ်နှင်းဖို့ လိုပါသည်။

          အချို့ အဓမ္မ၀ါဒီများသည် စွန့်လွတ်ကြောင်းလက်မှတ်ထိုးခဲ့ရခြင်းအတွက် အာဏာနှင့် အတင်းအကြပ်ထိုးခိုင်း၌  မလွန်ဆန်နိုင်ခြင်းကြောင့် ထိုးခဲ့ရသည်။ သူတို့ဝါဒမှန်သည်ဟု ဆိုကာ အရှက်ပြေဆင်ခြေပေးနေသူများ ရှိသလို  အယူကို မစွန့်လွတ်သည့်အပြင် တိုးတိုးတိတ်တိတ်ကော ပြောင်ကျကျပါ ဟောပြောပို့ချနေပေသည်။ ထိုသိုသော ဂိုဏ်းဂဏ ပုဂ္ဂိုလ်များကို အထောက်အထား ခိုင်မာပါက ထောင်ချအရေးယူခြင်း ကျောင်းတိုက်ကို ချိတ်ပိတ်ခြင်းများ ပြုလုပ်သင့်ပေသည်။ သက်ဆိုင်ရာက ထိုသို့အရေးယူနိုင်အောင် ရပ်ကွက၊်ကျေးရွာ၊မြို့နယ်၊ခရိုင်၊ တိုင်း၊ ပြည်နယ်  အဆင့်ဆင့် မှ ရဟန်းတော်များက သတိတရားလက်ကိုင်ထား၍ အမြဲတမ်းစောင့်ကြည့်ဖို့လိုပေသည်။ ပေါ်ပေါက်သံကြားသည် နှင့် ပြင်းထန်စွာ အရေးယူနိုင်ရန် သက်ဆိုင်ရာသို့ ချက်ချင်းသတင်းပို့ တိုင်ကြားရပေမည်။
                                      " အပ်အရာ ပုဆိန်ပါရပြီ "


မြစ်ကြီးနားအရှင်ဝိစိတ္တသာရနှင့် မိုးပြာအရှင်ဥာဏတို့ ဟောပြောပို့ချချက်များနှင့် ပက်သက်၍ မိုးညင်းမြို့မှ ဆရာတော်တစ်ပါး က ကျွန်ုပ်အားစာအုပ်ရေး၍ နှိမ်နှင်းဖို့ တိုက်တွန်းခဲ့ဖူးပေသည်။ ကျွန်ုပ်က မဟာနာယကထံစာတင်ဖို့နှင့် စာသင်ပါက အချက်အလက် ရှာဖွေပေးမည်၊၊ အစစရာရာကူညီမည်ဟုပြန်ပြောခဲ့ပေသည်။ ထိုအခါ ထိုဆရာတော်က သူငယ်ချင်းဖြစ်နေ၍ မျက်နှာပူ၍ သူမလုပ်နိုင်ကြောင်းပြန်ပြောလေသည်။

                    ရဟန်းအချို့သည် ကျောင်းကန်ဒါယကာ/ ဒါယိကာမများနှင့် ပတ်သက်၍ အမှုအခင်းများ၌ကား ရှက်ရ ကောင်းမှန်း၊ မျက်နှာပူရကောင်းမှန်း မသိပါဘဲလျက် သာသနာ၌ အင်မတန်အရေးကြီးသည့် အလုပ်ကိုလုပ်ရမှာကား မျက်နှာပူကြ၊ ရှက်နေကြသည် ကိုတွေ့ရပေသည်။ ပုဂ္ဂိုလ်ရေးကို ဘေးချိပ်၍ ဘုရားမျက်နှာ၊ သာသနာမျက်နှာကိုသာ ကြည့်သင့်ပေသာ ကျွန်ုပ်အကြံပြုစဉ်ကသာ စောဒနာလွှာတင်၍ ၀ိုင်းဝန်းနိမ်နှင်းမည်ဆိုလျှင် ယခုကဲ့သို့ အကျယ်အကျယ်လည်း ဖြစ်ဖွယ် မရှိပေ။ ယခုကဲ့သို့လည်း နှိမ်နှင်းရခက်လောက်အောင် ပရိတ်သတ်အင်အား ကောင်းခဲ့မည်မဟုတ်ပေ။ ယခုမှု အပ်နှင့်ထွင်းရ မည့်အရေးကို ပုဆိန်ဖြင့် ပေါက်နေရပေပြီတည်း။ ထို့ကြောင့် ပုဂ္ဂိုလ်ဓိဌာန်နှင့် ဓမ္မဓိဌာန်ကို ခွဲခြားတတ်ဖို့လိုပေသည်။ ဓမ္မအရေးနှင့် ပက်သက်လာလျှင် ပုဂ္ဂလာအရေးကို ငဲ့ကွက်ထည့်တွက်နေဖို့ မလိုပေ။
                                           " ညောင်ပင်စောင့်နဂါးနှင့် သာသနာစောင့်ဓါး"


 ဤ ဇာတ်တော်လာ ညောင်ပင်ကြီးသည် ခရီးသွားတို့အား ကျေးဇူးများသကဲ့သို့ သာသနာတော်ကြီးသည်လည်း ကျွန်ပ်တို့ရဟန်းတော်များအား များစွာကျေးဇူးကြီးလှ  ပေသည်။  ညောင်ပင်ကြီးကို နဂါးစောင့်ရှောက်သကဲသို့ သာသနာတော်ကြီးကိုလည်း  ကျွန်ုပ်တို့ ရဟန်းတော်များက စောင့်ရှောက်သင့်ပေသည်။ ကျေးဇူးကြီးမားသည့်လိုတရ က္ကှူစ္ဆာသယညောင်ပင်ကြီး၏ ညောက်ရိပ်ခို၍ ညောင်ခက်ချိုးရုံဖြင့် အားမရသေးဘဲ ညောင်မြစ်ကိုပါ တူးဖြိုဖို့ လုပ်လာသော ကုန်သည်များကို  ညောင်စောင့်နဂါးက ချေမှုန်းပစ်သလို သာသနာအရိပ်ကို ခို၍ သာသနာ့ရေသောက်မြစ်ကို တူးဖြိုဖို့ ကြံစည်အားထုတ်လာသော အဓမ္မ၀ါဒီ ရဟန်းယုတ်များကို သာသနာစောင့်ဓါးဖြင့် သုတ်သင်ရှင်းလင်းဖို့ လိုပေသည်။ ထိုသာသနာစောင့်ဓါးကား အခြားမဟုတ် ဓမ္မသာ ဖြစ်သတည်း။
          “ လောဘသားကောင် စောရများမြောင် မဖြစ်စေသင့် “
            တသ္မာ ဟိ ပဏ္ဍိတော ပေါသော၊
သမ္ပဿံ အတ္ထမတ္ထနော။
             လောဘဿ န၀သံ ဂေစ္ဆေ၊
ဟနေယျာရိသကံ  မနံ။

ရဟန်းတို့ ပညာရှိသော ပုဂ္ဂိုလ်သည် အကြင်ကြောင့် မိမိ၏ အကျိုးစီးပွားကို ကောင်းစွာမြင်၏။ ထိုကြောင့် လောဘ၏ အလိုနိုင်ငံသို့ မလိုက်ရာ။ လောဘရန်သူ၏ ဥစ္စာဖြစ်သော စိတ်ကို သတ်ရာ၏။
                                                                                    (ပကိဏ္ဏကနိပါတ်။မဟာဝါဏိဇဇာတ်။)

        ဗုဒ္ဓရှင်တော်မြတ်မှ ဆုံးမတော်မူသည်နှင့်အညီ ရဟန်းတော်များသည် လာဘ်ကိုလိုလား၍ဖြစ်စေ၊ အပူဇော်ခံပုဂ္ဂိုလ်တစ်ဆူ ဖြစ်လို၍ ဖြစ်စေ၊ ထင်ပေါ်ကျော်ကြားလူသိများလို၍ ဖြစ်စေ လောဘ၏ အလိုသို့ လိုက်၍ သာသနာကို စော်ကားမော်ကား ပြုလိုစိတ်များကို မမွေးမြူမိဖို့ လိုပေသည်။ အကယ်၍ လောဘအလိုလိုက်၍ သာသနာကို စော်ကားတိုက်ခိုက်လာပါက ညောင်ပင်စောင့် နဂါးထက် ထက်သော သာသနာစောင့် ဓါးတစ်လက်အောက်မှာ ခံသွားရမည်ဆိုသည်ကို ကား မမေ့အပ်သင့်ပေ။
                                                                                                      ၁၁-၃- ၂၀၁၀.
"အရှင်မဟာကဿပ ထုံးကို အစဉ်သာ သုံးဖို့လို “


                      မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်ပြီးနောက် ပဌမသဂါင်္ယနာတင်ကာ သာသနာတော်ကြီးကို စတင်ဦးဆောင်ထိန်းသိမ်းခဲ့သော ရှင်မဟာကဿပမထေရ်ကြီး ရည်ရွယ်ချက်မှာ လွန်စွာရှင်းလင်းလှပေသည်

                       ပုရေ အဒမ္မာ ဒိပ္ပတိ၊ အဓမ္မ၀ါဒ မထွန်းကားစေရန်
                       ဓမ္မောပဋိဗာဟိယျတိ  ဓမ္မ၀ါဒ မပပျောက်စေရန်
                             ပုရေအဓမ္မ၀ါဒိနော ဗလ၀န္တော ဟောန္တိ -အဓမ္မ၀ါဒီ များ အားမကောင်းစေရန်။
                             ဓမ္မ၀ါဒီနောဒုဗ္ဗလာ ဟောန္တိ - ဓမ္မ၀ါဒီများ အားမနည်းစေရန် ဟူ၍ ဖြစ်ပေသည်။

ဆိုလိုသည်မှာ အဓမ္မ၀ါဒီများ အားကောင်းလာလျှင် ဓမ္မ၀ါဒီများ လမ်းဘေးရောက်သွားလိမ့်မည်။ အဓမ္မ၀ါဒီများ အားနည်းအောင်လုပ်ရမည်။အဓမ္မ၀ါဒီထွန်းကားလာလျှင် ဓမ္မ၀ါဒီပျောက်ကွယ်သွားလိမ့်မည်။ ထို့ကြောင့် အဓမ္မ၀ါဒီ မထွန်းကားအောင် လုပ်ရမည် ဖြစ်ပေသည်။
                                                                              "  လုပ်လက်စ ခဏရပ်ထားပါ "

အဓမ္မ၀ါဒီမထွန်းကားစေလိုလျှင် ရဟန်းသံဃာများသည် အမြဲတမ်း မျက်စိဖွင့် နားဖွင့်ထားရမည်။ အဓမ္မ၀ါဒီပုဂ္ဂိုလ်ပေါ်ပေါက်သံကြားသည်နှင့် တပြိုင်နက် စာချနေစဉ်ကြားလျှင် စာချရပ်ကာ တရားထိုင်နေစဉ် ကြားလျှင် တရားထိုင်ရပ်ကာ ကြားလေရာ အရပ်မှ ချက်ချင်းဝိုင်းဝန်း နှိမ်နှင်းရမည်ဟု ကျမ်းဂန်များ၌ လမ်းညွှန်ပေးထားပါသည်။

                            သုတသုတဌာန   တောယေ၀ အဌတွာ အနိသီဒိတွာ                                     
                            ဥပသင်္ကပိသု။ ( မူလပဏ်။ ဌ ။ ၂ ။  ၂၀၆ ။)

ထို့ကြောင့် ရဟန်းတော်များသည် ကျောင်းမှာထိုင်နေရုံဖြင့် ပြီးပြည့်စုံပြီစု ထင်မှတ်မနေဘဲ  အဓမ္မ၀ါဒီသမားများကို အစဉ်အမြဲ သတိထား စောင့်ကြည့်သွားဖို့ လိုပေသည်။ အဓမ္မ၀ါဒီများ မျိုးစေ့မျှမချနိုင်အောင်၊ အညွှန့်အညှောက်မျှ မထွက်နိုင်အောင် အမြဲတမ်း သုတ်သင်ရှင်းလင်းနေဖို့ လိုသလို အဓမ္မ၀ါဒီအဟောင်းများ ခေါင်းပြန်မထောင်နိုင်အောင်လည်း ဂရုစိုက်နှိမ်နှင်းဖို့ လိုပါသည်။

          အချို့ အဓမ္မ၀ါဒီများသည် စွန့်လွတ်ကြောင်းလက်မှတ်ထိုးခဲ့ရခြင်းအတွက် အာဏာနှင့် အတင်းအကြပ်ထိုးခိုင်း၌  မလွန်ဆန်နိုင်ခြင်းကြောင့် ထိုးခဲ့ရသည်။ သူတို့ဝါဒမှန်သည်ဟု ဆိုကာ အရှက်ပြေဆင်ခြေပေးနေသူများ ရှိသလို  အယူကို မစွန့်လွတ်သည့်အပြင် တိုးတိုးတိတ်တိတ်ကော ပြောင်ကျကျပါ ဟောပြောပို့ချနေပေသည်။

          ထိုသိုသော ဂိုဏ်းဂဏ ပုဂ္ဂိုလ်များကို အထောက်အထား ခိုင်မာပါက ထောင်ချအရေးယူခြင်း ကျောင်းတိုက်ကို ချိတ်ပိတ်ခြင်းများ ပြုလုပ်သင့်ပေသည်။ သက်ဆိုင်ရာက ထိုသို့အရေးယူနိုင်အောင် ရပ်ကွက၊်ကျေးရွာ၊မြို့နယ်၊ခရိုင်၊ တိုင်း၊ ပြည်နယ်  အဆင့်ဆင့် မှ ရဟန်းတော်များက သတိတရားလက်ကိုင်ထား၍ အမြဲတမ်းစောင့်ကြည့်ဖို့လိုပေသည်။ ပေါ်ပေါက်သံကြားသည် နှင့် ပြင်းထန်စွာ အရေးယူနိုင်ရန် သက်ဆိုင်ရာသို့ ချက်ချင်းသတင်းပို့ တိုင်ကြားရပေမည်။
                                      " အပ်အရာ ပုဆိန်ပါရပြီ "


မြစ်ကြီးနားအရှင်ဝိစိတ္တသာရနှင့် မိုးပြာအရှင်ဥာဏတို့ ဟောပြောပို့ချချက်များနှင့် ပက်သက်၍ မိုးညင်းမြို့မှ ဆရာတော်တစ်ပါး က ကျွန်ုပ်အားစာအုပ်ရေး၍ နှိမ်နှင်းဖို့ တိုက်တွန်းခဲ့ဖူးပေသည်။ ကျွန်ုပ်က မဟာနာယကထံစာတင်ဖို့နှင့် စာသင်ပါက အချက်အလက် ရှာဖွေပေးမည်၊၊ အစစရာရာကူညီမည်ဟုပြန်ပြောခဲ့ပေသည်။ ထိုအခါ ထိုဆရာတော်က သူငယ်ချင်းဖြစ်နေ၍ မျက်နှာပူ၍ သူမလုပ်နိုင်ကြောင်းပြန်ပြောလေသည်။

                    ရဟန်းအချို့သည် ကျောင်းကန်ဒါယကာ/ ဒါယိကာမများနှင့် ပတ်သက်၍ အမှုအခင်းများ၌ကား ရှက်ရ ကောင်းမှန်း၊ မျက်နှာပူရကောင်းမှန်း မသိပါဘဲလျက် သာသနာ၌ အင်မတန်အရေးကြီးသည့် အလုပ်ကိုလုပ်ရမှာကား မျက်နှာပူကြ၊ ရှက်နေကြသည် ကိုတွေ့ရပေသည်။ ပုဂ္ဂိုလ်ရေးကို ဘေးချိပ်၍ ဘုရားမျက်နှာ၊ သာသနာမျက်နှာကိုသာ ကြည့်သင့်ပေသည်။

          ကျွန်ုပ်အကြံပြုစဉ်ကသာ စောဒနာလွှာတင်၍ ၀ိုင်းဝန်းနိမ်နှင်းမည်ဆိုလျှင် ယခုကဲ့သို့ အကျယ်အကျယ်လည်း ဖြစ်ဖွယ် မရှိပေ။ ယခုကဲ့သို့လည်း နှိမ်နှင်းရခက်လောက်အောင် ပရိတ်သတ်အင်အား ကောင်းခဲ့မည်မဟုတ်ပေ။ ယခုမှု အပ်နှင့်ထွင်းရ မည့်အရေးကို ပုဆိန်ဖြင့် ပေါက်နေရပေပြီတည်း။ ထို့ကြောင့် ပုဂ္ဂိုလ်ဓိဌာန်နှင့် ဓမ္မဓိဌာန်ကို ခွဲခြားတတ်ဖို့လိုပေသည်။ ဓမ္မအရေးနှင့် ပက်သက်လာလျှင် ပုဂ္ဂလာအရေးကို ငဲ့ကွက်ထည့်တွက်နေဖို့ မလိုပေ။


                                           " ညောင်ပင်စောင့်နဂါးနှင့် သာသနာစောင့်ဓါး"


 ဤ ဇာတ်တော်လာ ညောင်ပင်ကြီးသည် ခရီးသွားတို့အား ကျေးဇူးများသကဲ့သို့ သာသနာတော်ကြီးသည်လည်း ကျွန်ပ်တို့ရဟန်းတော်များအား များစွာကျေးဇူးကြီးလှပေသည် ။ညောင်ပင်ကြီးကို နဂါးစောင့်ရှောက်သကဲသို့ သာသနာတော်ကြီးကိုလည်း  ကျွန်ုပ်တို့ ရဟန်းတော်များက စောင့်ရှောက်သင့်ပေသည်။ ကျေးဇူးကြီးမားသည့်လိုတရ က္ကှူစ္ဆာသယညောင်ပင်ကြီး၏ ညောက်ရိပ်ခို၍ ညောင်ခက်ချိုးရုံဖြင့် အားမရသေးဘဲ ညောင်မြစ်ကိုပါ တူးဖြိုဖို့ လုပ်လာသော ကုန်သည်များကို  ညောင်စောင့်နဂါးက ချေမှုန်းပစ်သလို သာသနာအရိပ်ကို ခို၍ သာသနာ့ရေသောက်မြစ်ကို တူးဖြိုဖို့ ကြံစည်အားထုတ်လာသော အဓမ္မ၀ါဒီ ရဟန်းယုတ်များကို သာသနာစောင့်ဓါးဖြင့် သုတ်သင်ရှင်းလင်းဖို့ လိုပေသည်။ ထိုသာသနာစောင့်ဓါးကား အခြားမဟုတ် ဓမ္မသာ ဖြစ်သတည်း။
                  “ လောဘသားကောင် စောရများမြောင် မဖြစ်စေသင့် “
            တသ္မာ ဟိ ပဏ္ဍိတော ပေါသော၊  သမ္ပဿံ အတ္ထမတ္ထနော။
             လောဘဿ န၀သံ ဂေစ္ဆေ၊ ဟနေယျာရိသကံ  မနံ။

ရဟန်းတို့ ပညာရှိသော ပုဂ္ဂိုလ်သည် အကြင်ကြောင့် မိမိ၏ အကျိုးစီးပွားကို ကောင်းစွာမြင်၏။ ထိုကြောင့် လောဘ၏ အလိုနိုင်ငံသို့ မလိုက်ရာ။ လောဘရန်သူ၏ ဥစ္စာဖြစ်သော စိတ်ကို သတ်ရာ၏။
                                                                                    (ပကိဏ္ဏကနိပါတ်။မဟာဝါဏိဇဇာတ်။)
        ဗုဒ္ဓရှင်တော်မြတ်မှ ဆုံးမတော်မူသည်နှင့်အညီ ရဟန်းတော်များသည် လာဘ်ကိုလိုလား၍ဖြစ်စေ၊ အပူဇော်ခံပုဂ္ဂိုလ်တစ်ဆူ ဖြစ်လို၍ ဖြစ်စေ၊ ထင်ပေါ်ကျော်ကြားလူသိများလို၍ ဖြစ်စေ လောဘ၏ အလိုသို့ လိုက်၍ သာသနာကို စော်ကားမော်ကား ပြုလိုစိတ်များကို မမွေးမြူမိဖို့ လိုပေသည်။ အကယ်၍ လောဘအလိုလိုက်၍ သာသနာကို စော်ကားတိုက်ခိုက်လာပါက ညောင်ပင်စောင့် နဂါးထက် ထက်သော သာသနာစောင့် ဓါးတစ်လက်အောက်မှာ ခံသွားရမည်ဆိုသည်ကို ကား မမေ့အပ်သင့်ပေ။
                                                                                                      ၁၁-၃- ၂၀၁၀.(ဝီရသူ)
................................................................................................................................................
တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက (ယော) ဆရာတော်ဘုရားကြီး ဟောညွှန်ပြသည့် ဗုဒ္ဓလမ်းညွှန် အကျင့်မှန် စာအုပ်မှ ကောင်နုတ်ချက် မှတ်စု ဖြင့် အရှင်ဘုရား၏  ၂၇/၀၅/၂၀၀၉ - (၃၁)နှစ်မြောက် မွေးနေ့အား ထပ်မံပူဇော်ပါကုန်၏ အရှင်ဘုရား...


*ကမ္ဘာ့အချမ်းသာဆုံးဆိုတာ ရှိတာနဲ့ ချမ်းသာအောင် နေတတ်တဲ့သူကို ခေါ်တာ။

*အချမ်းသာဆုံးလူဆိုတာ ဘယ်အာရုံနဲ့တွေ့တွေ့ ငြိမ်းချမ်းစွာ၊ တည်ငြိမ်စွာ၊ ရင့်ကျင့်စွာနေတတ်တယ်၊ အာရုံထုမှုခံနိုင်တယ်၊ သူများငိုနေကြတဲ့နေရာမှာ ပြုံးပြုံး ပြုံးပြုံးနဲ့ နှလုံးအေးအောင် နေတတ်တယ်။

*သာသနာနဲ့ မတွေ့တဲ့သူ ဘဝအခက်အခဲ ဖြေစရာမရှိ။

*မြတ်စွာဘုရားရှင်၏ သာသနာနဲ့ မတွေ့တဲ့သူတွေကို အကဲခတ်ပါ၊ သူ့မှာရုပ်ဝတ္ထုနဲ့ အရေအတွက်တွေပေါတယ်။ ရုပ်ဝတ္ထုတွေ အဆင်ပြေနေတုန်း ခပ်ပြုံးပြုံးနေနိုင်လိမ့်မယ်၊ထစ်ကနဲ တစ်ခုခုအဆင် မပြေပြီဆိုတာနဲ့ တစ်ပြိုင်နက် ဒေါသထွက်လာပြီ၊ အပူတွေလာပြီ၊ တုတ်တွေ၊ ဓားတွေ၊ တန်းစီစောင့်နေကြပြီ။ ဒါမှမဟုတ် ပတ်ဝန်းကျင်ကို ဘယ်လိုမှလက်လှမ်းမမှီတော့ဘူးဆိုရင် ကိုယ့်ဟာကိုယ် ဒုက္ခပေးတော့မယ်၊ အရက်တွေသောက်တော့မယ်၊ မူးယစ်ဆေးဝါးတွေ သုံးစွဲတော့မယ်၊ အဆိပ်တွေသောက်တော့မယ်၊ တိုက်အမြင့်ကြီးတွေပေါ်တက်၊ ကယောင်ကတမ်းခုန်ချတော့မှာ။သူ့မှာ အစားထိုးစရာမရှိဘူး၊ ဘဝ အခက်အခဲကို ဖြေစရာမရှိဘူး၊ ဟာကနဲပျောက်ကွယ်သွားတဲ့နေရာမှာ ”ဟောဒါပဲ” လို့ အစားထိုးစရာ မရှိဘူး၊ ဘိုင်းကနဲလဲသွားတဲ့စိတ်ကို ထူပေးစရာ တရားမရှိဘူး၊ ဒါကို အဆင့်နိမ့်လူလို့ခေါ်ပါတယ်။


*တရားဟောချိန်စိပ်လာတာသည် ကိလေသာထူထပ်အားကောင်းလာလို့။
*မကောင်းတဲ့လူလည်း မကောင်းတဲ့ဓာတ်လိုက်တာပဲ၊ ကောင်းတဲ့လူလည်း ကောင်းဓာတ်လိုက်တာပဲ၊
ဥပတိဿက အရှင်အဿဇိရဲ့ ဓာတ်လိုက်နေပြီ။ဒါကြောင့် ခွာမရဘဲ တကောက်ကောက်လိုက်တာပေါ့။
*ဥပတိဿ(အရှင်သာရိပုတ္တရာလောင်းလျာ)နှင့် ကောလိတ(အရှင်မဟာမောဂ္ဂလာန်လျောင်းလျာ) - မဟာသက္ကရာဇ် ၁၀၃-ခု တပို့တွဲလဆန်း ၁ -ရက်နေ့မှာ သောတာပန် ဖြစ်ကြ၏။
***ဩဝါဒပါတိမောက် - ၃ ဂါထာ***

* ပထမဂါထာက *

ခန္တီပရမံ တပေါတိတိက္ခာ
နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓါ
နဟိ ပဗ္ဗဇိတော ပရူပဃာတီ
နသမဏော ဟောတိပရံ ဝိဟေဌယန္တော
ခန္တီဆိုသော သည်းခံခြင်းသည် အကျင့်တွေထဲမှာ အမြတ်ဆုံး၊နိဗ္ဗာန်ကို ဘုရားပစ္စေကဗုဒ္ဓါတို့ အမြတ်ဆုံးလို့ ညွှန်းပါတယ်၊သူတစ်ပါးကို သတ်ဖြတ်ညှဉ်းဆဲတတ်တဲ့သူဟာ မကောင်းမှုကို ပယ်ရှားတဲ့ သူတော်ကောင်းလို့ နာမည်မရပါဘူး။သူများကို ညှဉ်းဆဲတတ်တဲ့ပုဂ္ဂိုလ်၊ နှောင့်ယှက်တတ်တဲ့ပုဂ္ဂိုလ်ဟာ ငြိမ်းအေးအောင် ကျင့်တတ်တဲ့သူတော်ကောင်းဆိုတဲ့ နာမည်မရပါဘူး။သူများကို သတ်ဖြတ်ညှဉ်းဆဲခြင်းမှ ရှောင်ကြဉ်ပြီးတော့ သနားကြင်နာတတ်တဲ့ ပုဂ္ဂိုလ်ဟာ မကောင်းမှုကို ပယ်ရှားတဲ့သူတော်ကောင်းဖြစ်တယ်။ သူများကို နှောင့်ယှက်ခြင်းမပြုဘဲအများအပေါ်မှာ မေတ္တာစေတနာနဲ့ ကောင်းတဲ့စိတ်ထားနိုင်သူ၊ကောင်းကျိုးကို
ဆောင်ရွက်ပေးနိုင်သူဟာ ငြိမ်းအေးအောင်နေတဲ့သူတော်ကောင်းဆိုတဲ့ အမည်ကို ရတယ်။
သည်းခံခွင့်လွှတ်၊ အောင့်အည်းတတ်၊
မြင့်မြတ်အကျင့်ပေါ်လာသည်။
ကောင်းမှုသုံးတန်၊ အကျင့်မှန်၊
သည်းခံနိုင်မှ တိုးပွားသည်။
ကြီးသောချမ်းသာ၊ တောင့်တရှာ၊
ချမ်းသာငယ်ကို စွန့်ပါမည်။
ကြီးသောဆင်းရဲ၊ ကြောက်လျှင်လည်း
ဆင်းရဲငယ်ကို သည်းခံမည်။
သည်းခံသလောက်၊ စွမ်းအားရောက်
ထွန်းတောက်အာဇာနည်။

**ဒုတိယဂါထာက **

သဗ္ဗပါပဿ အကရဏံ
ကုသလဿ ဥပသမ္ပဒါ
သစိတ္တ ပရိယောဒပနံ
ဧတံ ဗုဒ္ဓါန သာသနံ


(၁) မကောင်းမှုကို မလုပ်ရဘူး၊ (၂) ကောင်းတဲ့ကုသိုလ်တရားတွေကို အမြဲကြိုးစားပြုကျင့် အားထုတ်နေရမယ်၊
(၃) ကိုယ့်စိတ်ကို အရဟတ္တမဂ်၊ အရဟတ္တဖိုလ်အထိ ဦးတည်ချက် ထားပြီးတော့ နီဝရဏတွေကင်းအောင် ဖြူစင်အောင်အမြဲထားရမယ်၊
(ဒီ - ၃ ချက်ဟာ ဘုရားအဆူဆူရဲ့ အဆုံးအမဂါထာ)
***  တတိယဂါထာက  ***

အနုပဝါဒေါ အနုပဃာတော
ပါတိမောက္ခေစ သံဝရော
မတ္တညုတာ စ ဘတ္တသ္မိံ
ပန္တဉ္စ သယနာသနံ
အဓိစိတ္တေစ အာယောဂေါ
ဧတံ ဗုဒ္ဓါ့န သာသနံ
(၁) သူများကို နှုတ်နဲ့ မစွပ်စွဲရဘူး(ဝါစာသီလ - နှုတ်သီလ)၊
(၂) သူများကို ကိုယ်နဲ့ မနှောင့်ယှက်ရဘူး၊ မညှဉ်းဆဲရဘူး(ကာယိကသီလ၊ ကိုယ်နဲ့ ထိန်းရမယ့်သီလ)၊
(၃) ပါတိမောက်သီလသံဝရ အကျဉ်း ၂၂၇သွယ်၊ အကျယ်ကုဋေ - ၉ ထောင်ကျော်ပေါ့၊
အဲဒါ လုံခြုံအောင် စောင့်ထိန်းတဲ့( လူတွေမှာတော့ ငါးပါးသီလ စသည်ပေါ့) အဲဒီတရားက ဣန္ဒြိယသံဝရ နဲ့ ပါတိမောက္ခသံဝရ သီလနှစ်မျိုးကို ပြောတယ်။
(၄) အစားအသောက်မှာ ခံယူသုံးဆောင်မှုမှာ အတိုင်းအရှည်ကို သိရမယ်၊ အဲဒါက အာဇီဝပါရိ သုဒ္ဓိသီလနဲ့ ပစ္စယသန္နိဿိတသီလ နှစ်ပါးကို ဆိုလိုတယ်။
(၅) ဆိတ်ငြိမ်ရာ ကယဝိဝေကဖြစ်တဲ့ နေရာမှာ တရားစွမ်းအားရအောင် နေထိုင်ကျင့်သုံးဖို့ပြတယ်။
(၆) ဝိပဿနာနဲ့ အခြေခံ၊ စိတ်တည်ငြိမ်အောင်ကြိုးစားအားထုတ်ပါတဲ၊ အဲဒါ ဘုရား အဆူဆူရဲ့ ဩဝါဒ။
အားလုံး ခြုံကြည့်ရင် - သီလ၊ သမာဓိ၊ ပညာ လိုဆိုတဲ့ သိက္ခာသုံးပါ။သိက္ခာသုံးပါးရဲ့ အနှစ်ချုပ်ကလည်း နောက်ဆုံးတော့ အပ္ပမာဒ လို့ ခေါ်တဲ့ သတိပဲ။အပ္ပမာဒံ ပသံသန္တိပုညကြိယာသုပဏ္ဍိတာ - ပဏ္ဍိတာ- ဘုရားအစရိသော ပညာရှိသူတော်ကောင်းတို့သည်၊ ပုညကြိယာတိ-ကောင်းမှုတရားကို ကြိုးစားပြုလုပ်အားထုတ်ခြင်းတို့၌၊အပ္ပမာဒံ-မမေ့မလျော့မပေါ့မတန် ထက်သန်ထူးခြားအပ္ပမာဒ သတိတရားကို၊ ပသံသန္တိ - မြတ်စွာဗုဒ္ဓ၊ ဆုံးမစကား မြတ်တရားကြောင့် ထူးခြားလှစွာကောင်းစွာမသွေ ချီးမွမ်းတော်မူကြလေကုန်သတည်း။ (ယောဆရာတော်)

No comments:

Post a Comment