Tuesday, February 7, 2012

ပူဇာစ ပူဇနေယျာနံ ဧတံမင်္ဂလ မုတ္တမံ!နှင့် ပူဇော်ထိုက်သူများ

ပူဇာစ ပူဇနေယျာနံဧတံမင်္ဂလမုတ္တမံ!ပါဠိတော်ဟာ အမြဲတမ်း ရွတ်ဖတ်ဖြစ်တဲ့ တရားတော်ဖြစ်ပါတယ်။ဘာကြောင့် ဒီတရားစာပုဒ်လေက ရွတ်ဖြစ်ရလည်ဆိုရင် လောကကြီးမှာ ပူဇော်ထိုက်သူကို ပူဇော်ခြင်းဟာ ၃၈ဖြာ မင်္ဂလာတစ်ပါး မဟုတ်ပါလား။
ဒီစကားလေကို လေ့လာကြည်ကြရအောင်နော် ။ပူဇာစ ပူဇနေယျာနံဧတံမင်္ဂလမုတ္တမံ!ပူဇော်ထိုက်သူကို ပူဇော်ခြင်းသည် မင်္ဂလာတရားတော်နဲ့ညီ၏ -ဟု မင်္ဂလသုတ်မှာ ဗုဒ္ဓက ဟေားကြားခဲ့ပါတယ်။ဗုဒ္ဓက ဟောပြောခဲ့သော်လည် လိုက်နာကျင့်သုံးသူက ရှားပါးလှ၏။ မှန်ပါသည် ဘာသာရေးနယ်ပယ်မှာရော၊ နိုင်ငံရေးနယ်ပယ်၊ ပညာရေးနယ်ပယ်မှာရော ခေါင်းဆောင်တော်တော်များများက ပညာတတ်သူ/ပှူဇော်ထိုက်သူများကို ပူဇော်ဖို့ ၀န်လေးနေတတ်ကြ၏။ များသောအားဖြင့် ကိုယ်ထက်တော်မှာ၊ သာမှာကို ကြောက်ကြ မနာလိုဖြစ်နေကြ၏။ပညာတတ် လူတော်များကို နေရာပေးလေ့မရှိကြပါ။ ဘာဖြစ်လို့ဆိုတာတော့ခက်တယ်ပြောဖို့လေ။
တကယ်တော့ လောကမှာ အသုံးမ၀င်သော အရာဝတ္ထုဆိုတာ မရှိသလောက်ပါပဲ။ အသုံးချတတ်မယ်ဆိုရင် လမ်းဘေးက အမှိုက်၊ သေစေတတ်တဲ့ အဆိပ်တောင် အသုံးဝင် ဆေးဘက်ဖြစ်သေးတာပဲ။ ပညာတတ် လူသားတွေဆို ဘယ်မှာဆိုဘွယ်ရှိပါ့မလဲ။ပညာတတ်တွေ များများရှိမှ တိုးတက်မှာပါ။ ဘယ်နိုင်ငံပဲဖြစ်ဖြစ်လေ ပညာမတတ်ရင် ပညာရှင် မရှိရင် ခေတ်နောက်ကျန်ခဲ့မယ်၊ ဆင်းရဲမယ်၊ မွဲမယ်၊ သူများနိုင်ငံတွေရဲ့ အနိုင်ကျင့်မှုကို ခံရမယ်။ ဒါကြောင့် ပညာတတ် ပညာရှင်တွေ များများမွေးထုတ်ပေးဖို့လိုတယ်။
အတွေ့ကြုံ အရဆိုရင်တော့- ပညာတတ် ပညာရှင်တွေဟာ ဘယ်နေရာမှာပဲဖြစ်ဖြစ် မျက်နာမငယ်ရပါဘူး။ နောက်ဆုံး ထောင်ထဲ့ ရောက်နေတဲ့ သူတောင် သက်သက်သာသာ နေရပါတယ်။ နောက်ဆုံး ၀န်ထမ်းတစ်ဦးလိုပဲ အပြင်ကိုတောင် ထွက်လို့ရပါသေးတယ်။ ကိုယ်တွေ့လေးပါ။ သူက ထောင်အတွက်လဲ အသုံးဝင်တယ်လေ။ ကောင်းကျိုးပြုပေးတယ်လေ။
ဒါဆို ဘာလို့ အမိမြေမှာ ပညာတတ် ပညာရှိ လူပုဂ္ဂိုလ်/ပညာတတ် ပညာရှိ ရဟန်းတော်တွေကို မပူဇော် မထောက်ပံ့ အားမပေးကြတာလဲ။ ဘာလို့ လက်မခံချင်ကြတာလဲ။ဘာလို့ အသိမှတ်မပြုချင်တာလဲ၊ ဘာလို့မောင်းထုတ်ချင်ကြတာလဲ။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်ကျောင်း ကိုယ့်တက္ကသိုလ် တိုးတက်ဖို့ ပညာတတ် ပညာရှင်တွေကို ဘာလို့ အလိုမရှိကြတာလဲ။သုံးကြည့်လိုက်ပါအကျိုးရှိမှာပါ။အသုံးချတတ်ဖို့ပဲလိုပါတယ်။
ဒါဆို--ဒီအကျင့်ဆိုးတွေကို ပြင်လိုက်ပါ။ ပညာတတ် ပညာရှင်တွေကို နှိပ်ကွပ်တတ် အမိမြေ၊ အမိသွေး။. အမိအကျင့်တွေကို ပြင်ကျပါ။ သေသည့်တိုင် ဆုပ်ကိုင်မထားကြပါနဲ့။ နှစ်ပေါင်းများစွာ ဆုပ်ကိုင်ထားတဲ့ အကျင့်ဆိုး အကျင့်ယုတ်တွေကို ပြင်ကြပါစို့။ ပညာတတ် ပညာရှင်တွေကို အားလုံးအတွက် နေရာပေးကြပါစို့။ မသိသူကျော်သွား သိသူဖေါ်စားတဲ့။ စကားအတိုင်း အားလုံးဝိုင်းဝန်းကြိုးစားကြည်ပါလို့ တိုက်တွန်းခြင်းပါတယ်။
အားလုံးကျမ္မာချမ်းသာကြပါစေ။
                                                      
စာရေးသူ
ဖျာပုံ-နဒီ
                                                                          ၁.၂.၂၀၁၂

No comments:

Post a Comment